ပရိတ်ကြီး၁၁သုတ် ပါဠိ အနက် ၊ ပဌာန်းပါဠိတော် အနက် နှင့် ပဌာန်း၏ အစွမ်းထက်လှသောအကျိုးကျေးဇူးများ အကြောင်းဖြစ်ပါတယ်။ ယခုပရိတ် ပဌာန်း တရားတော်မြတ်ကြီးကို ကိုးဘွဲ့ရဆရာတော် အရှင်အာစာရလင်္ကာရမှ ရွတ်ဖတ်ပူဇော် ဟောကြားထားခြင်းပဲဖြစ်ပါတယ်။ ပရိတ်ပဌာန်း တရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း နာကြားပေးခြင်းဖြင့် ဘေးရန်အန္တရာယ်တို့ ကင်းဝေးစေ၍ ကျန်းမာချမ်းသာ စီးပွားတိုးတက်စေပါတယ်။ ယခုတရားတော်များထဲတွင် ပရိတ်ကြီး၁၁သုတ် ၊ ပဌာန်းပါဠိတော် ၊ ပဌာန်းအစွမ်းအံ့မခန်း၊ ပဌာန်းကိုးကွယ်တန်ခိုးကြွယ် နှင့် ပဌာန်းတန်ခိုးအကျိုးတစ်ထောင် တရားတော်များပါဝင်ပါတယ်။