ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး ကန်တော့နည်း ဖြစ်ပါတယ်ခင်ဗျာ။ ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး ကို ကိုယ်တိုင်ရွတ်ဖတ်ပူဇော်ထားပါသည်။ ညတိုင်း ဘုရားဝတ်ပြုမည့်အချိန်တွင် ဖွင့်၍ ရွတ်ဖတ် ပူဇော်ပေးပါ။ အကျိုးထူးများ ရရှိလာပါလိမ့်မည်။ ခင်ပွန်းကြီးဆယ်ပါးအားပူဇော်လျှင်ရနိုင်မည့်ကောင်းကျိုး (၁၀)ပါး (၁) အစားအစာမရှားပါးခြင်း။ (၂) ရောက်ရာအရပ်၌လေးစားပူဇော်ခံရခြင်း။ (၃) ရန်သူမျိုးငါးပါးနှင့်ကင်းဝေးနိုင်ခြင်း။ (၄) လူချစ်လူခင်ပေါများခြင်း။ (၅) ပရိသတ်အလယ်၌တင့်တယ်စွာနေနိုင်ခြင်း။ (၆) ကောင်းသတင်းကျော်စောခြင်း။ (၇) အခြွေအရံများခြင်း။ (၈) စီးပွားဥစ္စာဖွံဖြိုးတိုးတက်ခြင်း။ (၉) ဘေးဒုက္ခကြုံသော်အကူအညီရခြင်း။ (၁၀) သားကောင်းသမီးကောင်းရရှိနိုင်ခြင်း တို့ဖြစ်ပါတယ်။